ttt

Monday, February 20, 2012

ရွှေမြို့က ပန်းခွာညို (ကောက်စိုက်သီချင်း) - အမည်မသိရှေးစာဆို

မြန်မာကဗျာလက်ရွေးစင် သတ္တမတန်း မှ

ရွှေမြို့က ပန်းခွာညို၊ စာဆိုနှင့်ပေး။
စာဆိုနှင့် ခွာညိုပန်းရယ်၊ နန်းမြေထိမွှေး။

ရွှေမြို့နေ မင်းခြေရင်းက၊ ထုံသင်းကိုပေး။
လိမ်းမယ်လို့ ပျိုချေတော့၊ လေးပြည်က မွှေး။

ရွှေမြို့က ငွေပန်းငုံကို၊ လူကြုံတိုင်းပေး။
ငွေပန်းငုံ လူကြုံပေးကို၊ သိမ်းပေါင်ကွဲ့လေး။

ရွှေမြို့ကို ဘယ်အခင်းကြောင့်၊ မောင်ဆင်းသလေး။
ကွမ်းတုံမြိတ်နှင့် အချိတ်ဝယ်ကွယ်၊ ဆင်းမယ်တဲ့လေး။

ပျို့ခေါင်းကို နေကျော်၊ နားချိန်က တော်
နားနေရင်း ချိန်ချော်ရော့မယ်၊ ငန်းဆော်ပါ့လေး။

ခက်ဆစ်အဖွင့်

ခွာညို= ပြာသိုလတွင် ညိုပြာရောင်ပန်း ပွင့်လေ့ရှိသော နွယ်ပင်။
ထုံသင်း= အမွှေးနံ့သာခဲ။
လေးပြည်= အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာ။
ကွမ်းတုံမြိတ်= ကွမ်းတုံနယ်မှလာသော အမြိတ်ဆင်။
ငန်းဆော်= လုပ်ငန်းခွင်ဝင်ရန် ဆော်သြသည်။

0 comments: