ttt

Monday, February 20, 2012

စံပယ်ပန်း (ဒွေးချိုး) - ဦးပုည

မြန်မာကဗျာလက်ရွေးစင် သတ္တမတန်း မှ

ပန်းစံပယ်
နန်းလယ် မပေါ်ခိုက်ဟာမို့
အလိုက် တော်တန်သင့်ရုံပါ့
ခံပွင့်ကို ကုံး။

နန်းရဝေ
မန်းမြေမှာ စံပယ်လှိုင်တော့
ခံပန်းခိုင် ယာယီရွေ့တယ်
တောလေ့ ရွာသုံး။

ခက်ဆစ်အဖွင့်

ရဝေ= နန်းတော်အိမ်တော်တို့၏အဆောင်။ မြင့်မြတ်သော တိုက်ခန်းနေရာ။
ယာယီ= အတည်အမြဲ မဟုတ်ဘဲ အခိုက်အတန့်ကာလ။

1 comments:

september rain said...

သိပ်ကြိုက်တဲ့ ကဗျာပေါ့ ။ သနားစရာ ကောင်းတဲ့ ခံပွင့်ကို ချစ်တယ်