ttt

Saturday, June 5, 2010

S-C ဘလော့ဂ်တခုတည်း ပြန်ပေါင်းလိုက်ပါပြီ

ကိုဧရာရေးတဲ့ SONATA-CANTATA http://www.sonata-cantata.co.cc
မသီတာရေးတဲ့  SONATA-CANTATA http://www.sonata-cantata2.blogspot.com
ဘလော့ဂ်နှစ်ခုကို နာမည်တူ၊ ဒီဇိုင်းတူ လုပ်ထားတဲ့ အတွက်
လာလည်ကြတဲ့ သူငယ်ချင်းတွေ မျက်စိလည်စေခဲ့ရပါတယ်။ မူလက ဘလော့ဂ်တခုတည်းမှာ အတူတူရေးနေရာမှ ဖေဖေါ်ဝါရီလ 2010 က စပြီး ဘလော့ဂ်နှစ်ခုခွဲရေးခဲ့ကြပါတယ်။ (အောင်မြင်စွာ ခွဲထွက်ခြင်း)

http://www.sonata-cantata.blogspot.com မှာပဲ ကိုဧရာရေးတဲ့ ပို့စ်၊ မသီတာရေးတဲ့ ပို့စ်၊ နှစ်ယောက်ပေါင်းရေးတဲ့ ပို့စ်တွေ အားလုံးကို ပြန်ပေါင်းထားလိုက်ပါပြီ။
Horizontal Navigation Bar မှာ ကိုဧရာ၊ မသီတာ၊ ဧရာသီတာ၊ ရေချမ်း၊ ရေစင် ဆိုတဲ့ ခလုတ်လေး ငါးခု ထည့်ထားပါတယ်။ ဆိုင်ရာခလုတ်ကို နှိပ်၍ နှစ်သက်သလို ဖတ်ရှုအားပေးကြပါနော်။

တွဲလိုက် ခွဲလိုက်၊ ခွဲလိုက် တွဲလိုက်နဲ့ ဗလောင်းဗလဲဆန်ခဲ့ခြင်းအတွက် အနူးအညွတ် တောင်းပန်အပ်ပါတယ်။

15 comments:

ShwunMi- said...

:)
ဟေး.. ပြန်ပေါင်းပြီ..

SHWE ZIN U said...

ဟင်း တွဲရေး ခွဲရေး တွေ ရှုတ်နေတာဘဲ အင်္ဂလိပ်ခေတ် များပြန်ရောက်နေသလားလို့ ကဲ ဒီတွဲရေး အတွက်တော့ ထောက်ခံပါတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Anonymous said...

ခွဲလိုက်..
ပေါင်းလိုက်..နဲ့..
အခုတော့လည်း
တစ်အိမ်တည်းနေပြီး အခန်းခွဲအိပ်သလို..
အင်းး...
ကြိုက်သလိုနေနိုင်ပါတယ်လေ..



ပေါက်

Anonymous said...

ပြန်ပေါင်းထုပ်မုန့်ကျွေးပါ။
:)

Anonymous said...

ဟိ ဘယ်သူက ဆင်းသွားပြီး ပြန်တက်လာပြီလဲမသိ

ဘယ်လိုပဲနေနေ ဖတ်မယ်

ချစ်ကြည်အေး said...

အို...သူတို့လူကြီးတွေဟာလေ အညိုးညိုးပဲ.....သာမီး ညက်ချိတောင် လည်ဒယ်....ဟွန်းးး

tin min htet said...

ပြန်ပေါင်းတော့လည်း တမျိုးကောင်းတာပါပဲ။ ဒါပေမဲ့ ခလုပ်လေး ၅ ခု မတွေ့သေးဘူး မသီတာ

Anonymous said...

သူတို့ကလည်း statement တွေခဏခဏထုတ်
တွဲလိုက်ကြ ခွဲလိုက်ကြနဲ့..
ဟွန်းးးးးးး


မြတ်နိုး

Min said...

ဒါပေမဲ့ ခလုပ်လေး ၅ ခု မတွေ့သေးဘူး မသီတာ
Here Ko Htet
http://www.sonata-cantata.co.cc/

လသာည said...

ပြန်ပေါင်းထုတ် စားချင်တယ်..
အော် ပြန်ပေါင်းတဲ့ဘလော့ကို အားပေးနေမယ် လို့းD
ခင်တဲ့
လသာညဖြစ်ပါတယ်..

ဇွန်မိုးစက် said...

ဒါဆို ဇွန် ခွဲထားတဲ့လင့်ခ်ကို ပြန်ပေါင်းရဦးမှာပေါ့နော်။း)

rose of sharon said...

ပြန်ပေါင်းတာခုမှသိတယ်...

ဆောင်း said...

ခွဲမသွားနဲ့ အချစ်ရယ်...

ဝေးရတာ ကြောက်တယ်။

တွဲထားကွဲ့ အချစ်ရယ်

ပုံ ကိုဧရာ

ဆောင်း said...

ပြောသားဘဲ မသီတာရဲ့ ခွဲရေးတော့ ကိုယ်မအားရင် ကိုယ့်ဘလော့က ငြိမ်နေရော တွဲ ရေးတော့ကိုယ်မအားလဲ သူ ရေးလိမ့်မယ် ဘလော့ လာသူတွေ အမျိုးမျိုး ဖတ်နိုင်တာပေါ့ မဂ်ဂဇင်းတွေ ဆိုရင် ရသသ အမျိုးမျိုးနဲ့ မဟုတ်လား။ အရသာ တမျိုးတည်း စားရရင် အီလာတဲ့ သဘောဘဲ ပို့ အသစ်မတက်အားရင် ပရိသတ်က မေး ကိုယ်က မအားနဲ့  အခုကြည့် ဘယ်လောက်ကောင်းလဲ ကိုယ်မအားလည်း ရေးမဲ့သူ ရှိတယ် သူမအားလဲ ကိုယ်ရေးမယ် ဘလော့ အက်တစ် ဖြစ်တာပေါ့

ညိမ်းနိုင် said...

အော်....မခွဲနိုင်ကြဘူးပေါ့နော်...မခွဲနိုင်ရင်လည်း မောရိယ
မန်းဆေး ဆောင်ထားနော်....း)
ဟီး ခင်လို့စတာ...စိတ်ဆိုးနဲ့နော်..။