မြန်မာကဗျာလက်ရွေးစင် သတ္တမတန်း မှ
ညို့ကုန်းယံ ချောက်နံဘေးမှာလ
တို့ဘုန်းကံအလျောက် မွေးရော့ထင်
တစ်ခေါက်ပြေးမှဖြင့် မိုးထိုးမယောင်
ခလောက်ကလေးရယ်တဲ့ ဒိုးဒိုးဒေါင်။
နှစ်ကိုယ်ချို့တာကြောင့်
ချိုဘို့တူ နွားပြာတုတ်တွေနဲ့
ပျိုတို့လူ ယာမလုပ်တယ်
အားထုတ်မယ့် မောင်မှာနော်ကွယ်
ဝါးခုတ်တဲ့တောင်။
ဟဲ့ဆိုကာ ကြိမ်တံမြှောက်မှဖြင့်
လှည့်လိုရာ တိမ်ယံရောက်နိုင်ငဲ့
အိမ်ခြံပေါက်ပါတဲ့ နွားညီနောင်
စားအီအောင်ဗျ ညနေစောင်း
အားစည်အောင်ပ ၀စေကျောင်း။
ဆောင်ခွင့်ကိုရွယ်
မောင်နှင့်မယ် တူယှဉ်တွဲပါလို့
နောင်တင့်တယ် လူမြင်ရဲခါမှ
ယူငင်ကာ ချူဆင်လို့ ဆွဲပါ့မယ်
ပွဲဝင်မယ့် ချောင်းသူရဲ့
လှည်းယဉ်နဲ့မောင်း။
ခက်ဆစ်အဖွင့်
ညို့ကုန်းယံ= ညို့မှိုင်းသော ကုန်းရိုး။
ချိုဘို့တူ= ဦးချိုလည်းတူ၊ ဘို့လည်းတူသော။
နွားပြာတုတ်= တုတ်ခိုင်သော နွားပြာ။
တိမ်ယံရောက်= တိမ်ဖျားရောက်။
လှည်းယဉ်= အမြန်မောင်းနှင်နိုင်ရန်နှင့် သက်သာစွာ စီးနင်းနိုင်ရန် ပြုပြင်တည်ဆောက်ထားသော ပေါ့ပါးသော လှည်း။
ttt
Monday, February 20, 2012
နွားညီနောင် (လေးချိုး) - သတိုးပီယ
မန်းတောင်ရိပ် (လေးချိုး) - အမည်မသိရှေးစာဆို
မြန်မာကဗျာလက်ရွေးစင် သတ္တမတန်း မှ
အသက်ကလေးရယ်တဲ့ ရှည်စေလို။
မြနန္ဒာ ရေညိုသမ်းတယ်
မန်းတောင်ရိပ်ခို။
ခေါင်းလောင်းသံ ချိုချိုနဲ့
ရွှေဗဟိုရ် စည်သံဟိန်း (တယ်)။
ဘေးရန်ကငြိမ်း။
ခက်ဆစ်အဖွင့်
မြနန္ဒာ= ရေကြည်လင်နေသော မဟာနန္ဒာကန်
မန်းတောင်= မန္တလေးတောင်။
ပဟိုရ်= မြန်မာမင်းများ လက်ထက်က အချိန်နာရီကို ဖော်ပြရန် တီးခတ်သောစည်။
မြင်ဖူးမှ ယုံစဖွယ် (လေးချိုး) - ဦးကြင်ဥ
မြန်မာကဗျာလက်ရွေးစင် သတ္တမတန်း မှ
ကြုံစဖူး
မြင်ဖူးမှ ယုံစဖွယ်။
ဖြူနီဝါ ပြာတစ်စုနှင့်
ခရုထွေလာဆန်း
ကမ်းကွေ့ပတ်လည်။
ရွှေမင်တံ သံပခြုပ်နှင့်
ဟန်ရုပ်ပြ သွယ်သွယ်
နတ္မယ္လ် ဆံထိုး။
ဝင်ကစွပ်
မြင်ဆွတ်က ကြည့်ဖို့ရာ
သည်သို့လာ ဟိုသို့သွားနှင့်
အငှား ခန္ဓာ မြှောင်ရတယ်
ဆန်းခေါင်ထိမျိုး။
ခက်ဆစ်အဖွင့်
ကြုံစဖူး= မကြုံစဖူး။
ရွှေမင်တံ= မင်တံသဏ္ဍာန်ရှိ ခရု။
သံပခြုပ်= ပခြုပ်သဏ္ဍာန်ရှိ ခရု။
နတ်မယ်လျဆံထိုး= နတ်သမီးဆံထိုးအမည်ရှိ ခရု။
ဝင်ကစွပ်= ပင်လယ်ကမ်းစပ်ရှိ ခရုခွံများတွင် ခိုဝင်ကြီးပွား သွားလာနေတတ်သော ကဏန်းငယ်တမျိုး။
မြင်ဆွတ်= မြင်လျှင် ဆွတ်ပျံကြည်နူးဖွယ်။